Grand Mandalar ကျောင်းတွင် ပန်းချီသင်ရိုးကို အခြေခံနှင့် အဆင့်မြင့် ဟူ၍ နှစ်ပိုင်း ခွဲထားပါသည်။

အခြေခံ

အခြေခံ သင်ကြားမှု ဦးတည်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ကျောင်းသားကျောင်းသူများ သဏ္ဌာန်တူ အနုပညာ လက်ရာများ ဖန်တီးတတ်စေရန်။
  • ကျောင်းသားကျောင်းသူများ ပန်းချီ ဝေဖန်ရေးနှင့် ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ အခြေခံ စကားလုံးများ၊ သဘောတရားများကို သိရှိစေရန်။
  • ခေတ်အဆက်ဆက်၊နေရာ ဒေသ အသီးသီးမှ အရေးပါအရာ ရောက်ခဲ့သော ပန်းချီအနုပညာလက်ရာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်။

ADVANCED

အဆင့်မြင့် သင်ကြားမှု ဦးတည်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အခြေခံ ပန်းချီ အနုပညာသင်ခန်းစာများကို အဆင့်မြင့် သင်ကြားနည်းစနစ်များ၊ သင်ခန်းစာများဖြင့် ဖြည့်စွက် အားဖြည့်ရန်။
  • ကျယ်ပြန့်သော ပန်းချီ အနုပညာ အစဉ်အလာများ နှင့် ၎င်း၏ ယနေ့မျက်မှောက်ခေတ် အပေါ်သက်ရောက်မှု ကို ကျောင်းသားကျောင်းသူများအား မိတ်ဆက်ပေးရန်
  • ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာ၊ သမိုင်းနှင့် လူမှုရေး ဘာသာရပ်များကို လေ့လာရာတွင် အထောက်အကူပြုစေရန်။