slide 1
Image Slide 1
Grand Mandalar High School
Image Slide 2
Swimming Pool
Image Slide 3
Canteen
previous arrowprevious arrow
next arrownext arrow

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်စကား

ယနေ့ချိန်ခါမှာ International University များတွင် တက်ရောက်ပညာသင်ယူပြီး ပညာဖြင့်အသက်မွေးနိုင်သော အဖိုးတန် လူငယ်များ ဖြစ်လာနိုင်စေရန်၊ ပြည်တွင်း ပြည်ပရှိ University များသို့ ရလဒ်ကောင်းများနှင့် ဂုဏ်ယူစွာ တက်ရောက်နိုင်စေရန်အတွက် International GCSE စာမေးပွဲများမှာ ဂိတ်တံခါးများပမာ ရှိနေပါတယ်။

International GCSE (International General Certificate of Secondary Education) စာမေးပွဲများကို အောင်မြင်စွာ ကျော်လွှားဖြတ်သန်းနိုင်စေဖို့အတွက် စနစ်ကျသော လေ့ကျင့်ပေးမှုများ၊ ကျောင်းသားများ ကိုယ်တိုင်ပါဝင်သော သင်ကြားရေးစနစ်များ၊ ကျော်လွှားဖြတ်သန်းနိုင်စေဖို့အတွက် စနစ်ကျသော လေ့ကျင့်ပေးမှုများ၊ ကျောင်းသားများ ကိုယ်တိုင်ပါဝင်သော သင်ကြားရေးစနစ်များ၊ International curriculum ၏ objectives များနှင့်အညီ ပြည့်စုံစွာ ဖန်တီးထားသော သင်ကြားရေး အထောက်အကူပြု ဖတ်စာအုပ်များ၊ လေ့ကျင့်ခန်းစာအုပ်များ၊ အတွေ့အကြုံရှိ ဆရာဆရာမများရဲ့ သင်ကြားပို့ချမှုများဟာ လွန်စွာ အရေးပါလှပါတယ်။

မိဘများအားလုံးရဲ့တူညီသော ဆန္ဒနှင့် ရည်မှန်းချက်ကတော့ မိမိတို့ရဲ့ သားသမီးများ ပညာဖြင့်အသက်မွေးနိုင်စေသော၊ လိမ္မာယဉ်ကျေးသော၊ မိသားစုနှင့် လူ့ဘောင်လောကအတွက် အဖိုးတန်သော လူတော်လူကောင်းများ ဖြစ်လာစေရန် မျှော်မှန်းကြပါတယ်။

ယခုကဲ့သို့ နည်းပညာဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာကြီးမှာ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အားလုံးနှင့်တပြေးညီ ရင်ဘောင်တန်းနိုင်သော ပညာရေးအဆင့်အတန်း သင်ယူခွင့်ရရှိရန် မိဘများ၏ မျိုးဆက်သစ်များတွင်အခွင့်အရေးရှိကြပါတယ်။ ငယ်စဉ်ကတည်းကပင် အခြေခံကောင်းမွန်သော ပညာရေးဖြင့် စတင်ခဲ့ပါက ပညာသင်ကြားမှု ခရီးစဉ်တစ်လျှောက်တွင် မလေးသောဝန်ဖြင့် ပေါ့ပါးပျော်ရွှင်စွာ သင်ယူပြီး မျှော်လင့်ချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ သေချာပါတယ်။

International Education ကို သင်ယူနေဆဲမှဦပင် မိမိတို့နိုင်ငံရဲ့ Local Education ကိုပင် တစ်ပါးတည်း သင်ယူနိုင်ရန်အတွက် Grand Mandalar High School က တာဝန်ယူ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာအတန်းများ သင်ယူနေစဉ်ပင် Edexcel International Curriculum ကို အသုံးပြုပြီး ကမ္ဘာတဝှန်းမှ ကျောင်းသား ကျောင်းသူများနည်းတူ ယုံကြည် စိတ်ချရသော ပညာရေး အဆင့်အတန်းအတိုင်း သင်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Edexcel International Curriculum နှင့် သင်ကြားပြီး World’s Leading Education Company ဖြစ်သော England နိုင်ငံ၏ Pearson Organization မှ ဂုဏ်ယူစွာ ကျင်းပပေးနေသော International GCSE စာမေးပွဲများ၊ International A level စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးချိန်တွင် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားခွင့်ကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားခွင့်ကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ သင်ကြားရေးနှင့် ပတ်သက်ပြီး Student Centered Interactive Teaching Methods များ အသုံးပြုကာ သင်ကြားပေးမည်ဖြစ်ပြီး ကလေးများကို လက်တွေ့သင်ယူစေခြင်း၊ စူးစမ်း လေ့လာစေခြင်းများဖြင့် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။ အခြေခံပညာအတန်းများ၏ ကျောင်းစာများအပြင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားများတွင် iPLS(International Primary and Secondary) curriculum တွင် ပြဋ္ဌာန်းထားသော ဘာသာရပ်များကို တစ်ပါတည်း ပူးတွဲသင်ကြားပေးခြင်း၊ အထက်အတန်းအဆင့် ကျောင်းသားများတွင် International GCSE စာမေးပွဲအတွက် အောင်မြင်စွာ ဖြေဆိုနိုင်စေရန် သင်ကြားလေ့ကျင်းခြင်းများကို ပြုလုပ်ပေးသွားမှာ ဖြစ်တာကြောင့် မိဘများ စိတ်တိုင်းကျစေရမည့် ပညာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ဖို့ စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း မိဘများအားလုံးကို လေးစားစွာဖြင့် အသိပေးလိုက်ရပါတယ်။

ဦးတည်ချက်များ

  • ကလေးငယ်များကို ကျောင်းသင်ခန်းစာများအား နှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းထက် ဆိုလိုရင်းသဘော တရားများကို သေချာနားလည်သဘောပေါက်အောင် လက်တွေ့ဥပမာများဖြင့် သင်ကြားခြင်း။
  • ကျောင်းစာ တစ်မျိုးတည်း ထူးချွန်ရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းခြင်း၊ လူမှု ဆက်ဆံရေး ကောင်းမွန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အထွေထွေ ဗဟုသုတများ ပြည့်စုံခြင်း စသော ဘက်စုံ ဖွံဖြိုးမှုရှိအောင် ပြုစုပျိုးထောင်ပေးခြင်း။
  • ကလေးငယ်များအား မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဖန်တီးတီထွင်မှု စွမ်းရည်ဖွံ့ဖြိုးလာစေရန်။
  • အများနှင့်အတူ အဆင်ပြေစွာ ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့် ကောင်းများ ဖြင့် မိသားစုအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးနိုင်သော သားကောင်း သမီးရတနာများ အဖြစ် ကြီးပြင်းလာစေရန်။

မျှော်မှန်းချက်များ

နိုင်ငံတကာ အဆင့်မီပညာရေးကို မူကြိုမှ အထက်တန်းအထိ တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာ သင်ကြားနိုင်စေရန်။