Grand Mandalar တွင် ပညာရေးဝန်ကြီးဌာန မှ ချမှတ်ထားသော သင်ရိုးညွှန်းတမ်းများကို တိကျစွာ လိုက်နာ အကောင်အထည်ဖော် သင်ကြားပြသပေးပါသည်။ ၂၀၁၁ ခုနစ်မတိုင်မီ မွေးဖွား သော ကျောင်းသား ကျောင်းသူးများသည် သင်ရိုးအဟောင်းကို သင်ယူရပါသည်။ EMPS ကျောင်းမှ လက်တွေ့ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ကို ဖြည့်ဆည်းပေးပြီး သင်ရိုးအဟောင်းကို သင်ကြားမှုနည်းစနစ်သစ်များဖြင့် သင်ကြားပေးပါသည်။

၂၀၁၁ နောက်ပိုင်းမှ မွေးဖွားပြီး သင်ရိုးသစ်ကို သင်ကြားရသော ကျောင်းသားကျောင်းသူ ကိုလည်း ကျောင်းမှ အထူးဂရုစိုက် သင်ကြားပေးပါသည်။ EMPS ကျောင်းမှ ဆရာ၊ ဆရာမများက သင်ရိုးသစ်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် စာသင်နှစ် အစတွင် လိုအပ်သော သင်တန်းများကို တက်ရောက်ထားပါသည်။ လိုအပ်သော သင်ထောက်ကူပစ္စည်းများကို လည်း ကျောင်းသားများနှင့် ဆရာ၊ဆရာမများအတွက် အဆင်သင့် စီစဉ်ထားရှိပေးထားပါသည်။