Grand Mandalar High School ကို ဆက်သွယ်ပြီး မေးမြန်းကြတဲ့ မိဘများရဲ့ မေးခွန်းများထဲမှ အမေးများသောမေးခွန်းများကို ပြန်လည်လက်ဆင့်ကမ်းပါရစေ။
မိဘများအနေဖြင့် သိလိုသမျှကို ထပ်မံမေးမြန်းနိုင်ပါတယ်။

ယခု လောလောဆယ်မှာတော့ အခြေခံပညာ အလယ်တန်း နှင့် အထက်တန်း ( Grade 6 to Grade 11 ) ၊ International curriculum ( Year 6 to IGCSE foundation ) တန်းများ အထိ ဖွင့်လှစ်သင်ကြားပေးဖို့ စီစဥ်ထားပါတယ်။
ရပါတယ်။ Grand Mandalar High School မှာ တက်လက်စ အစိုးရအတန်းကျောင်းအတိုင်း တက်နေရင်း International Education အတွက် ကျောင်းသားနဲ့သင့်တော်မည့် level မှာ သင်ယူနိုင်အောင် စီစဥ်ပေးနေပါတယ်။
ဟုတ်ကဲ့ပါ။ တက်ထားတဲ့အတွက်လည်း အဆင်ပြေတာပေါ့။ ကလေးအတွက် စာနဲ့အဆက်မပြတ်သလိုဖြစ်နေတာမို့ ယခုအချိန်မှာ သင်ယူရတာ အရှိန်ဆက်ရလွယ်တာပေါ့။ Grand Mandalar High School မှာက အခြေခံပညာအတန်းဘက်က ကျောင်းပြောင်းလက်မှတ် ( TC ) အတိုင်း အတန်းဆက်တက်ရမှာဖြစ်ပြီး International Educationအတွက် ကလေးကို Placement Test များဖြင့် စစ်ဆေးပေးပါတယ်။ ကလေးရဲ့ လက်ရှိ ရှိနေပြီးသား level ကနေ ဆက်ပြီး တက်သွားလို့ရအောင် စီစဥ်ပေးထားပါတယ်။
ကလေးရဲ့ စိတ်ဝင်စားမှု အလျောက် ပြည်တွင်းပြည်ပတက္ကသိုလ်များမှာ တက်ရောက်ရွေးချယ်ဖို့ သင့်တော်တဲ့ ဘာသာတွဲတွေအတိုင်း အခြေခံပညာအတန်းအတွက်နဲ့ IGCSE Exam အတွက်ပါ ရွေးချယ်လို့ရနိုင်စေရန် မိဘများကို အကြံပြု ဆွေးနွေး ကူညီဆောင်ရွက်ပေးနေပါတယ်။
သင်ရိုး(၂) ခု ဆိုပေမယ့် တစ်ဘက်နဲ့ တစ်ဘက် သင်ခန်းစာ Content တွေက သိပ်မကွာလှပါဘူး။ အဓိကကွာဟနေတာ မေးခွန်းပုံစံနဲ့ သင်ယူမှုပုံစံပဲ ဖြစ်ပါတယ်။ မေးခွန်းဟောင်းများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းများ အပြင်၊ သင်ရိုး (၂) ဘက်လုံးအတွက် အရေးကြီးတဲ့ စာမေးပွဲရှိတဲ့ အတန်းတွေကို အဆင်ပြေအောင် အချိန်ကိုက်အောင် စီစဥ်ထားပေးတာကြောင့် နှစ်ဘက်လုံးမှာ အောင်မြင်မှု ရရှိစေမှာ ဖြစ်တာမို့ လက်မလွတ်သင့်သော အခွင့်အရေးကောင်းများအတွက် Grand Mandalar High School မှာ လာရောက် ပညာသင်ယူဖို့ နွေးထွေးစွာ ဖိတ်ကြားလိုပါတယ်။
ဆရာဆရာမများ ကတော့ Secondary level သာမက IGCSE level အထိပါသင်ကြားပြသပေးနိုင်မည့် ဆရာဆရာမများ ကို ရွေးချယ်ခန့်အပ်ထားပါတယ်။ သင်ကြားမှု ပုံစံအနေနဲ့ Pearson Edexcel မှ International Trainer များ သင်တန်းပေးထားတဲ့ Active Learning Strategies များဖြင့် ကလေးများကိုယ်တိုင် ပါဝင်ဆောင်ရွက်စေသော Participatory Methods များဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဆရာ၊ဆရာမများ က International Curriculum သင်ကြားချိန်များမှာ English Language ကို Classroom Language အဖြစ်အသုံးပြုပြီး သင်ကြားပေးသွားမှာမို့ ကလေးများအတွက် English Language Communication Skill များပါ အချိန်တိုအတွင်း တပါတည်း တိုးတက်လာတာကို မိဘများ မြင်တွေ့ ကြရမှာဖြစ်ပါတယ်။
ဆရာဆရာမများက ကလေးတစ်ဦးချင်းစီကို သေချာစွာ ဂရုစိုက်သင်ကြားပေးမည်ဖြစ်ပြီး ကလေးများကို အပတ်စဥ် အကဲဖြတ်ခြင်း၊ Term အလိုက် အကဲဖြတ်ခြင်းများကို ပြုလုပ်ပေးခြင်း၊ မိဘဆရာတွေ့ဆုံပွဲများ ပြုလုပ်ပေးပြီး ကလေးရဲ့အကြောင်းကို မိဘများနှင့် သေချာစွာဆွေးနွေးခြင်းများကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
Grand Mandalar High School မှာ တက်ရောက်နေတဲ့ ကလေးများကို နှစ်စဥ် မေလ မှာ England Pearson Edexcel iPLS Curriculum Year End စာမေးပွဲများ ကို ဖြေဆိုစေတာဖြစ်တဲ့ အတွက် က‌လေးတွေ အနေနဲ့ England နိုင်ငံ နှင့် နိုင်ငံတကာမှ ကလေးများနည်းတူ သက်ဆိုင်ရာ Level အတန်း တစ်ခုကို နှစ်တိုင်းရရှိနိုင်မယ့် အခွင့် အလမ်း ရှိအောင် စီစဥ်ပေးထားပါတယ်။ စာမေးပွဲအောင်မြင်ခြင်း Certificate များကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
နှစ်စဥ် မေလဆန်းမှာ စတက်ရမှာဖြစ်ပြီး ပညာသစ်နှစ်ကတော့ နောက်နှစ် မတ်လ အထိပါ။
ဟုတ်ကဲ့ လက်ခံနေပါပြီ။